^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Thursday, August 21, 2008

စွဲလမ်းမူ့လွန်ကဲခြင်း

တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်ဟာ မင်းလေး အနီးအနားမှာ မရှိတော့ အဓိပ္ပါယ်မဲ့ နေသလိုပါပဲ လိုအပ်ခြင်းများစွာနဲ့ လစ်ဟာနေတဲ့ နေရာလေးမှာ မင်းသာ ရှိနေမယ်ဆိုရင် ပြည့်စုံသွားမယ်လို့ ထင်ပါတယ် အခုတော့ ကွက်လပ်များစွာနဲ့ ဖြည့်ဆည်းသူမဲ့ အထီးကျန်ဆဲပဲ ဒီဝေဒနာလေးတွေက ဘယ်တော့မှ လွတ်မြှောက်နိုင်ခွင့် ရှိနိုင်မှာ လဲအကြင်နာတွေ မလာခင်မှာ ဝေဒနာတွေကိုဟာ အဖေါ်အဖြစ်နဲ့ ဆက်လက် တည်ရှိအုံးမှာပါ ဖြေစရာတွေဟာ အစားထိုးလို့မရခဲ့အောင် စွဲလမ်းမူ့ လွန်ကဲနေခဲ့တယ် ဒီတမ်းတခြင်း စိတ်မက်မောမူ့ များစွာဟာလဲ ထိမ်းသိမ်းလို့ မရခဲ့အောင် ရင်မှာဆူဝေ နေခဲ့တယ် နှလုံးသားရဲ့ တောင်းဆိုမူ့တွေဟာ ချစ်ခြင်းဆိုတဲ့ အရာလေးကိုပဲ မှီတွယ် ကိုးကွယ်တတ်ခဲ့တယ် ငါ့ရဲ့ရင်မှာ မင်းလေးသာ အဓိက ဖြစ်နေတယ် နက်ရှိုင်းစွာ ဖြစ်ပေါ်လာတဲ့ အသဲထဲက စကားလုံးတွေဟာ တဖြည်းဖြည်းနဲ့ ရင့်သန်လာတယ် ဒါတွေကို တားဆီးဖို့ အင်အားတွေ ငါ့မှာ ကုန်ခမ်းနေတယ် အချစ်ဆိုတာ ရယူခြင်းလား စွန့်လွတ်ခြင်းလား ခွဲဝေပိုင်းခြား မတတ်ပေမဲ့ ပိုင်ဆိုင်ခြင်းကိုတော့ တောင်းတ မျှော်လင့်မိတယ် ဒါဟာ ငါအလိုလားဆုံး ရင်ထဲက ဆန္ဒလေးတစ်ခုပါ အချစ်ဆိုတာ အတင်းအဓမ္မ ဖန်တီးယူလို့ရတဲ့အရာ မဟုတ်လို့ ငါ့ရဲ့ချစ်ခြင်းလေး တိမ်းစောင်းသွားမှာကို စိုးရိမ်မိတယ် ၀ိရောဓိဆိုတဲ့ ဆန့်ကျင်ဖက်လေးများ ဖြစ်သွားရင် ငါလေတကယ်ပဲ ၀မ်းနည်းစွာ ရင်ကျိုးရချည်းရဲ့ မင်းလေးဟာ ငါ့ဘ၀ရဲ့ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးအရာပဲမို့ လက်လွတ်ဆုံးရှူံးမူ့ မခံချင်ဘူး ဒါပေမယ့် မမြင်နိုင်တဲ့ အနာဂတ်ကာလ တစ်ခုရဲ့ အခြေအနေကို ကြိုသိနိုင်ဖို့ ငါ့မှာ စွမ်းအင်မရှိဘူးလေ ကံစီမံရာကို ဒူးထောက်ရင်း ကံကြမ္မာရဲ့ အဆုံးအဖြတ်ကို ခံယူဦးညွတ်ရမှာပေါ့ ဒီကံကြမ္မာကို ပဲ့ကိုင်နိုင်စွမ်း ရှိတဲ့မင်းလေး စိတ်ဆုံးဖြတ်ချက် တစ်ခုဟာ ငါ့နှလုံးသားကို တုန်လှုပ်နိုင်စွမ်း ရှိပါတယ် ကြိုးဆွဲရာ ကရမဲ့ ရုပ်သေးတစ်ခုလို သတ်မှတ်ပြီးဖြစ်တဲ့ ငါဟာ မင်းလေးရဲ့ စေလိုရာစေ ငိုစေချင်ရင်လဲငို ရီစေချင်လဲရီ သရုပ်ဆောင်ရမဲ့ သူဖြစ်လို့ ငါ့ရဲ့မျှော်လင့်ခြင်းဟာ ရေးရေးနဲ့ သေးသေးလေးပါ ငါ့ရဲ့ စိတ်ဓာတ်တွေ လေလွင့်သွားအောင် လုပ်နိုင်ဖို့ အင်အားတွေ မင်းလေးမှာ အပြည့်အ၀ရှိတယ် စွဲချက်တင် အပြစ်ဖို့ နေတယ်လို့ မယူဆလိုက်ပါနဲ့ ငါ့ရဲ့စိတ်တွေ မင်းလေးနဲ့ ပက်သက်လာရင် သိပ်ပြီးပျော့ညံ့ နေလွန်းလို့ပါ ဒါတွေကို ကြိုသိနေပေမဲ့လဲ ဆင်ခြင်တုံးတရား ကင်းစွာနဲ့ စွဲလမ်းစိတ်ကို တိုးတိုးပြီး သံယောဇဉ် တွယ်နေအုံးမှာပါ..........

No comments: