ဝေးလွင့်နေတဲ့ နေ့ရက်များစွာနဲ့ ငါဟာ အထီးကျန် သိပ်ကို ဆန်လွန်းခဲ့တယ် အပျော်တွေ ဆိုတာ ရှာဖွေ မရခဲ့အောင် ခြောက်သွေ့ နေခဲ့တယ် စိမ်းလန်းခြင်းလေး ကင်းဝေးနေတဲ့ အခုလို အချိန်မျိုးမှာ လွမ်းတတ်သူ အဖို့ အရာရာဟာ လွမ်းစရာကြီးပါ...........................
အတမ်းတဆုံး ခြေရာလေးတွေ အနေဝေးသွားကြတဲ့အခါ လစ်ဟာခြင်းများစွာနဲ့ ရင်ထဲမှာ ဆူဝေနေတယ် အချစ်ဆိုတာ အပျော်တွေနဲ့သာ မဟုတ်ဘဲ အလွမ်းလေးတွေနဲ့လဲ ဖွဲ့စည်းထားခဲ့တယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိလာခဲ့တယ် စွဲမက်စရာ မင်းလေးရဲ့ အလှဆုံးမျက်နှာလေးကို အတွေးပုံရိပ်ထဲမှာ အခါခါမြင်ယောင် စွဲလမ်းခဲ့၇တယ် မသိစိတ် သိစိတ် တွေမှာပါ ထင်ဟပ် နေရာယူခဲ့တဲ့ လွမ်းမိုးခြင်းတွေဟာ ထိရောက်နက်ရှိုင်း ကျယ်ပြန့်ခဲ့တယ် အချစ်စိတ်တွေဟာ သိမ်မွေ့နူးညံခြင်းများစွာနဲ့ ဆွဲအားတွေပြင်ထန်လွန်းခဲ့တယ် ငါ့စိတ်တွေထဲမှာ ယစ်မူးခြင်းများစွာနဲ့ ခုံမင်ကာ လိုက်ပါရင်း အချစ်ရဲ့ နွံထဲမှာ ထက်သန်စွာ သဒ္ဓါလွန်ခဲ့ရတယ် ရက်ရောခြင်းများစွာနဲ့ အကြင်နာလေးတစ်ခုကို စိုက်ပျိုးမိခဲ့တယ် စိုက်ပျိုးမိခဲ့တဲ့ နှလုံးသား မျိုးစေ့ဟာ ဘယ်တော့များမှ ဝေဆာစွာ ဖူးပွင့်ခဲ့မှာလဲနော် တကယ်လို့များ လှပခန်းနားစွာ ဖူးပွင့်ခဲ့မယ်ဆိုရင် မြတ်နိုးခြင်းများစွာနဲ့ ခူးဆွတ်ပန်ဆင်ပါရစေ ခွင့်ပြုပေးပါချစ်သူရယ်........................
အကြင်နာတွေ ရင်မှာလိုနေဆဲမို့ ဝေဒနာလေးတွေ ငြိမ်းအေးစေချင်ခဲ့ပြီ ဒဏ်ရာတွေနဲ့သာ အခြေအနေဆိုးဝါးခဲ့မယ်ဆိုရင် အရာရာကို ရင်ဆိုင်ဖို့ အားအင်တွေ ချို့တဲ့သွားခဲ့မှာပါ မင်းဟာ ငါ့ရဲ့ ရှေ့ပြေး အင်အားလေး တစ်ခုပါ အလွယ်တကူ အစားထိုးဖို့ မဖြစ်နိုင်သေးတဲ့ ယုံကြည်ရာလေးမို့ လက်လွတ် ဆုံးရှုံးရမှာကို စိုးကြောက်မိတယ် ငါ့ရဲ့ချစ်ခြင်းလေး မပြိုလဲပါရစေနဲ့ မျှော်လင့်ခြင်း အလင်းရောင်လေး မကွယ်ပျောက်ပါရစေနဲ့ ဝေးကွာခြင်းလေး နီးစပ်ပါရစေ ခြေရာလေးတွေ ရင်ထဲမှာ ထင်ကျန်ခဲ့ပြီမို့ မေ့မရတဲ့ ရက်စွဲများနဲ့ မင်းနဲ့ငါ အကြင်နာတွေနဲ့ ဆုံခြင်ပြီ မင်းစီက အကြင်နာများစွာ လက်ခံရရှိမယ်ဆိုရင် စိုပြေနေမဲ့ ငါ့ရင်ထဲမှာ ခြောက်သွေ့ခြင်း ကင်းစင်နေမှာပါ စိမ်းလန်းလှပစွာ ပွင့်မဲ့ နှလုံးသား ပန်းလေးတစ်ပွင့်ကို မသိကျိုးကျွံ ပြုရက်မှာလား ကြေကွဲ လွင့်စင်သွားမဲ့ အဖြစ်ဆိုးလေးနဲ့ အဆုံးသတ်ခြင်းတွေကို တစိမ့်စိမ့်နဲ့ ကြည်ရက်ခဲ့မှာလား မင့်နှလုံးသားလေး ပြတ်သား ခိုင်မာခြင်းတွေ ငါ့အတွက်တော့ စာနာစွာနဲ့ နည်းနည်း လျှော့ပေးခဲ့ ပါနော် ငါ့စိတ်ဓာတ်တွေ ယိမ်ယိုင်သွားနိုင်တာမို့ မင်းရဲ့ စိမ်းကားခြင်းနဲ့ တစ်စိမ်းဆန်မူ့တွေ ငါ့အတွက် သီးသန့် ဖယ်ရှားပေးပါ ဒီအခွင့်အရေးလေး သိမ်ငယ်စွာ တောင်းဆိုပါရစေ....ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် အချစ်နဲ့ ပက်သက်လာရင် ရဲရင့်မူ့တွေ ဆိတ်သုန်နေဆဲ့ပဲ စွဲလမ်းမူ့ အားကြီးမှားလွန်းခဲ့တော့ ဖြေဆည်းစရာ ရှာမတွေ့ခဲ့ဘူး အစွဲအလမ်းကြီးရင် ဒုက္ခတွေ့ရမယ် ဆိုတာသိပေမဲ့ အသိတရားတွေ နောက်ကို သတိတရားက မလိုက်နိုင်လောက်အောင် ဆင်ခြင်တုံးတရားလေး လျှော့နည်းနေခဲ့တယ် မျှော်လွင့်နေတဲ့ စိတ်ကလေးနဲ့ မမောပန်းနိုင်ပဲ အချစ်ဆိုတဲ့ အရာထဲမှာ နစ်မျောစွာ ကူးခက်ခဲ့တယ် မင်းနဲ့ ပက်သက်ပြီး အရာရာဟာ ငါ့အတွက် အရေးအကြီးဆုံး အရာဖြစ်နေပေမယ့် မင်းအတွက်တော့ အရေးပါ အရာမရောက်တဲ့ အသေးအမွား ကိစ္စလေးဖြစ်နေမယ်ဆိုရင် ငါကြေကွဲရုံပဲပေါ့ ကံကြမ္မာကို လည်စင်းခံရင်း ဘာများ ပြောဆိုနိုင်ခွင့် ရှိမှာလဲ လောကကြီးမှာ ဖြစ်ချင်တာတွေမဖြစ် မဖြစ်ချင်တာတွေ ဖြစ်နေကြတာ အများသားပါ မင်းသာ ပျော်မယ်ဆိုရင် အထီးကျန်ခြင်း ဆိုတာကို မနှစ်မြိုပေမဲ့လဲ မင်းစိတ်ကြည်နူးမယ်ဆိုရင် ဒီခံစားချက်ကို ငါကျေနပ်စွာနဲ့ လက်ခံ ခံစားမှာပါ မင်းကိုစွဲလမ်းသာ အနှောက်အယှက်ပေးဖို့မှ မဟုတ်တာ လိုအပ်ချက် များစွာတို့ကို ဖေးမခြင်းနဲ့ ကြင်းနာချင်ခြင်း သက်သက်ပါ ... လွမ်းဆွတ်သတိရခြင်းတွေဟာ ဖိတ်ခေါ်စရာ မလိုပဲ အလိုလိုရင်ထဲကို ရောက်လာခဲ့တယ် မင်းဟာငါ့ရဲ့ အဓိက လွမ်းဆွတ်မူ့ လေးပါ အကြင်နာတွေ ရင်မှာ လိုနေသရွေ့ ဖြည့်ဆည်စရာဟာ မင်းလေး တစ်ယောက်တည်း ဆိုတာကို တိုင်တည်ပြီး ပြောရဲပါတယ် အခုချိန်မှာ ငါ့ရဲ့စိတ်တွေကို အချစ်ဆိုတဲ့ အရာက လက်ဦးအနိုင်ယူ သွားခဲ့ပါပြီ ရုံန်းထွက်ဖို့ မကြိုးစား တော့ပါဘူး ခံစားခြင်းတွေနဲ့ မွေလျော်နိုင်အောင် ကျင့်ကြံ လိုက်တော့မယ် အချစ်ကပေးမယ့် ကံကောင်းခြင်းပဲဖြစ်ဖြစ် ကံဆိုးခြင်းတွေပဲဖြစ်ဖြစ် ချီးမြင့်ခဲ့ရင် လက်ခံယူမှာပါ မင်းသာ ပျော်မယ်ဆိုရင် ငါရင်ထဲမှာ မချိတင်ကဲ ဖြစ်နေလဲ ငါပျော်တတ်အောင် ကြိုးစားနေမှာပါ..............................
No comments:
Post a Comment