ပန်းလေးတွေဟာ ပျားပိတုန်းလေးတွေရဲ့ စွဲမက်စရာ အဟာရ တစ်ခုပဲ ဆိုတဲ့ နိယာမ သဘောအရ လက်ခံယုံကြည်ခဲ့ပေမယ့် ဆွဲမက်စရာကောင်းတဲ့ မင်းလေး အနီးမှာ ဘယ်သူ့ကိုမှ မရှိစေချင်တာက ငါ့ရဲ့ ဆန္ဒလေးတစ်ခုပါ ဒါဟာ သန်တိုတတ်ခြင်းရဲ့ အဖြစ်ဆိုတာလား ဒါလဲမင်းကို အပြစ်မဆိုရက်ပါဘူး ပန်းလေးတွေဟာ လှနေရင်ပျားပိတုန်းတွေ ၀ဲပျံကြတာဟာ ဓမ္မတာပဲမို့ဆွဲမက်စရာ အပြည့်အ၀နဲ့စုဝေးနေတဲ့ အလှပိုင်ရှင်လေးနားမှာ ၀ိုင်းဝိုင်းလည်နေတာ သဘာဝပဲပေါ့...........
အဲ့ဒီအလှအပရဲ့အာရုံထဲမှာငါလဲပဲ ရုံးမထွက်နိုင်တဲ့သူအဖြစ်နဲ့ပါဝင်ခဲ့တယ် အရိပ်ကလေးတစ်ခုလို မင့်ရဲ့အနီးအနားမှာ နေချင်နေခဲ့မိတယ် တစ်ခါတစ်လေကျတော့လဲ မင့်ရဲ့ အနီးနားမှာ တခြားတစ်ယောက်များ ရှိတဲ့အခါများ ငါရဲ့စိတ်တွေ ပြိုလဲမတတ် ၀မ်းနည်းစွာ ခံစားရတယ် ငါဟာ မင့်အတွက် နောက်လူအဖြစ်နဲ့ ကျန်ရစ်ခဲ့တော့မှာလား ဆိုတဲ့စိုးရိမ်မူ့လေးတွေ လွန်ကဲလာတတ်ခဲ့တယ် အာငယ်တုန်လှုပ်မိတဲ့ စိတ်တွေနဲ့ အတူ ရင်ထဲမှာ တမြေ့မြေ့နဲ့ နွမ်းရိစွာ ကြွေလွင့်နေခဲ့တယ် လူတွေအမြင်မှာ ဟန်ဆောင်ထားနေတဲ့ အပြင်ရုပ်လွာမှာတော့ တင့်တယ်ခြင်းတွေနဲ့ပေါ့ အတွင်းအဇ္ဖုတ္တရဲ့ သန္တန်မှာတော့ တနုပ်နုပ်နဲ့ ကြေကွဲနေတယ် ဆိုတာ ဘယ်သူတွေ သိနိုင်မှာလဲနော် ကိုယ့်အပြစ်နဲ့ ကိုယ်မို့ လူတွေသိအောင် ဖွင့်မဟရဲလျှို့ဝှက် သိမ်းဆည်းစွာ ခံစားရင်း တိတ်တိတ်လေးနဲ့ နှလုံးသားမီးတွေ လောင်ကြွမ်းခဲ့ရတယ် ဒီသောက မီးတွေကို ဘယ်သူက ကူညီနိုင်မှာတဲ့လဲ..........................
စိတ်ရဲ့စေစားရာ ဆွေးမြေ့မူ့လေးတွေက အပေါ်ယံဟန်ဆောင်မူ့ကို ဘယ်လောက်ထိ ကြာရှည်စွာ တင်းခံနိုင်မှာလဲ ရင်ထဲက ဆို့တက်လာတဲ့ဝမ်းနည်းရိပ်တွေက ငါ့မျက်ဝန်းအိမ် မျက်ရည်ပွင့်တွေကို အငြိုးကြီးစွာ ပြိုဆင်းစေမှာမို့ ခက်ခဲပင်ပန်းစွာ ထိမ်းသိမ်း နေခဲ့ရတယ် တစ်ချို့သူတွေ ရိပ်မိကြပေမယ့် ဒီလှောင်ရီသံကို ဂရုမစိုက် နိုင်တော့ဘူး ခံစားတတ်ကြရင် ကိုယ်ချင်းစာတတ်ကြမှာပါ.....................
စိတ်ရဲ့ခေါ်ဆောင်ရာကို လိုက်ပါရင်း အတွေးရဲ့နွံထဲမှာ ရုန်းမရအောင် နစ်ဝင်ခဲ့ပြီ အကြင်နာတွေ၇င်မှာ လိုနေတာမှန်ပေမယ့် ဒဏ်ရာတွေတာ ထိုးနှက်နေလို့ အ၀းဆုံးကိုသာ ထွက်ပြေလိုက်ခြင်တယ် ဒါပေမယ့် ဘယ်လောက်ပဲပြေးပြေး ငါ့ရဲ့စိတ်ကို အချစ်ဆိုတဲ့အရာက မင်းမူနေအုံးမှာပါ လွတ်မြှောက်ရာ မရှိတဲ့ လောကကြီးထဲမှာ သမုဒယဆိုတဲ့ နှောင်ကြိုးလေးတမျှင်ဟာ တိုးတိုးပြီး ရစ်နှောင်ထား ခဲ့အုံးမယ်ဆိုတာကို အကြွင်းမရှိယုံ ကြည်ထားတယ် အချစ်ဆိုတဲ့အရာဟာ အင်အားကြီးမှားလွန်းတယ် ဆွဲအားကြီးလွန်းတယ် ငါ့နှလုံးသားဟာ သံမဏိနဲ့ဖွဲ့စည်းထားတာ မဟုတ်လို့ အရည်ပျော် စီးဆင်းခဲ့ပါတယ် မင်းနဲ့ ငါကြားမှာ အပြစ်ကင်းစင်တဲ့ စကာလုံးတွေနဲ့ နားလည်မူ့လေး ရချင်တယ် ငါ့ရဲ့စိတ်တွေ စိုးရိမ်ခြင်းလေး ထားခဲ့မိတာ ပိုလွန်းနေပြီလား ခွင့်ပြုပေးပါ လိုနေမယ်လို့တောင် ထင်နေမိပါတယ် မင့်အချစ်ဟာ ငါ့ဘ၀ရဲ့ လမ်းညွန် တစ်ခုပဲမို့ အဲ့ဒီအလင်းတန်းလေး မေးမိန်ပျောက်ကွယ် မှာကို စိုးကြောက်မိတာပါ အလင်းတန်း မရှိတဲ့ အမှောင်မှာ လမ်းစတွေ ပျောက်ကုန်မှာမို့ေ၀၀ါးတဲ့လမ်းကို မလျှောက်ပါရစေနဲ့ ပီပြင်တဲ့ လမ်းလေးကို တည့်မတ်စွာ လျှောက်ပါရစေ ဖေးမခြင်းတွေတာ ငါ့အတွက်ရှိခဲ့မယ်ဆိုရင် ဘ၀မှာအပျော်ဆုံးအဖြစ် လောကဒဏ်တရားကို တည်ငြိမ်စွာ ခံနိုင်ရည်ရှိလာမှာပါ............
No comments:
Post a Comment