လမင်းဟာ
ပင်လယ်ရဲ့နက်ရှိုင်းမူ့ကို တိုင်းတာသလိုမျိုး
မင်းမျက်လုံးတွေက
ကိုယ့်ကို အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးပမ်းနေလေရဲ့
ကိုယ့်ဘ၀တစ်ခုလုံးကို မင်းသုံးသပ်ဖို့
အလုံးစုံဖွင့်ပြထားပါတယ်
ဘာတစ်ခုမှ လျှို့ဝှက်ဖုံးကွယ်မူ့မရှိပါဘူး
ချစ်သူရေ ကိုယ့်ဘ၀ဟာ
ကျောက်မျက်ရတနာသာဖြစ်ပါစေ
ညီညာစွာ သိကုံးပြီး
မင်းလည်တိုင်မှာ ဆွဲသီကုံးလို့ဆင်ပေမယ်
ကိုယ့်ဘ၀ဟာ ပန်းဖြစ်မယ်ဆိုရင်လဲ
မင်းဆံကေသာထက်မှာ ပန်ပေးမယ်
ဒါပေမယ့်ချစ်သူရယ်
ကိုယ့်ဘ၀ဟာ နှလုံးသားတစ်စုံဖြစ်နေတယ်
နှလုံးသား ကမ်းခြေက
ရေအောက်ကြမ်းပြင်မှာ
မင်း ဘာကို ရှာဖွေမှာလဲ ပြောပြပေးပါလား...။ ။

1 comment:
ငါရှာနေတာရတနာသိုက်လေ..........
Post a Comment