^☺^☺^☺^☺^☺^☺^ ဖရက်စ် သီချင်းများ ^☺^☺^☺^☺^☺^☺^

Album ---{ 1 }

စဉ်

( ၁ )

( ၂ )

( ၃ )

( ၄ )

( ၅ )

( ၆ )

( ၇ )

( ၈ )

( ၉ )

( ၁၀ )

သီချင်းခေါင်းစီး

ကြေကွဲရလိမ့်မယ်

နှလုံးသားချင်းထိခဲ့တယ်

ငါ့ရဲ့အနား

မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး

နွေဦးကဗျာ

ဖူးစာရှင်

WAKA WAKA 2010

ကျေးလက်တောတန်း

ကိုယ်ရံတော်

ရိုးသားချင်တယ်

သီဆိုသူ

L ဆိုင်းဇီ

လင်းနစ်

ဒို ရေ မီ

မာရဇ္ဇ

ကြိုးကြာ

နေနေ

Shakia

ထွဏ်းခမ်း

ရွှေရည်ဖြိုးမောင်

ဆုန်သင်းပါရ်

Album ---{ 2 }

စဉ်

( ၁၁ )

( ၁၂ )

( ၁၃ )

( ၁၄ )

( ၁၅ )

( ၁၆ )

( ၁၇ )

( ၁၈ )

( ၁၉ )

( ၂၀ )

သီချင်းခေါင်းစီး

ဗုဒ္ဓံ ဓမ္မံ သံဃံ

သူငယ်ချင်း

အချစ်မြှား

တစ်သက်လုံးအတွက်

ဘယ်တော့မှမမေ့

တွဲလက်များ

ပထမဆုံးချစ်သူ

မဟာ ( ၁ )

မျှော်လင့်ရင်းနဲ့

ငါ့ရင်ခွင်ကို

သီဆိုသူ

စိုးပိုင်

ညဏ်လင်းအောင်

ဗန်းသော့ဒ်ကျင်း

စိုင်းလိတ်

မင်းမင်း ၊ သီရိခင်ဇော်

ထူးအယ်လင်း ၊ မီးမီးခဲ

စန္ဒီ

ဇော်ဝင်းထွဋ်

ရှင်ဖုန်း ၊ N ကိုင်ရာ

ဇော်ဝင်းထွဋ်

Album ---{ 3 }

စဉ်

( ၂၁ )

( ၂၂ )

( ၂၃ )

( ၂၄ )

( ၂၅ )

( ၂၆ )

( ၂၇ )

သီချင်းခေါင်းစီး

ဝဋ်ကြွေး

အချစ်ရိပ်ညနေ

မျက်နှာ

ကာရံမဲ့အချိန်များ

တကယ်ပဲလဲ နင်မချစ်ပဲနဲ့

ချစ်သူ့အနား

ကြွေလွင့်ရတော့မယ်

သီဆိုသူ

ဇော်ဝင်းထွဋ်

ဝိုင်းစုခိုင်သိန်း

အိုင္အမ္ဘီ

ဝိုင်ဝိုင်း

ချမ်းချမ်း

ဘန်နီဖြိုး

အိမ့်ချစ်

Tuesday, October 4, 2011

စကားကို ဘယ်လိုပြောကြမှာလည်း......။

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

  • အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
  • ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
  • ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
  • မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
  • မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
  • မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
  • လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
  • မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
  • ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
  • စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
  • သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
  • ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
  • သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
  • လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
  • သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။

Wednesday, November 12, 2008

ပထမဆုံးချစ်သူ - အိမ့်ချစ်





အလွမ်းကောက်ကြောင်းတစ်ခု

မချစ်ခဲ့ဘူးတဲ့ အချစ်ရူးလေးမို့ စိုးရိမ်စွာ ပြောခဲ့ဘူးတဲ့ စကားလေးတွေကို အယူအဆလေးတွေ မမှားပါနဲ့နော် ကိုယ့်ရင်ထဲမှာ ကြေကွစွာ ခံစားရလိမ့်မယ် ကိုယ်သိပ်မြတ်နိုးတန်ဘိုးထားရတဲ့ ချစ်သူလေးကို ကိုယ့်ဘက်ကစပြီး အထင်မသေးရဲပါဘူး ရင်ထဲက မြတ်နိုးစွာ တွယ်တာစရာလေးမို့ ဆုံးရှူံးသွားမှာကို ကြောက်လို့ အစိုးရိမ်လွန်စွာနဲ့ ထပ်တလဲလဲ မေးခွန်းလေးတွေကို နှုတ်ထွက်မိတာပါ သံယောဇဉ်ရဲ့ နောက်ကွယ်ကနေ တိုးထွက်လာတဲ့ ရင်ထဲက နှလုံးသား စကားလေးတွေကို အစစ်အမှန်ခံစား ကြားစေချင်လို့ပါ ချစ်သူ မင်းနဲ့ပက်သက်ပြီး ရင်နဲ့မမျှအောင် ကြည်နူးမူ့လေးတွေ လွမ်ခြုံနွေးထွေးနေဆဲ ဆိုတာ ယုံကြည်ထားလိုက်ပါ ဒီကြည်နူးမူ့ ဆွတ်ပျံ့မူ့လေးတွေကို လှိုက်လှဲစွာ ခံစားရတာလေးတွေကို မင်းကိုလဲ ထပ်တူထပ်မျှ မျှဝေခံစားကြည့်စေချင်တယ်လေ စွယ်တော်ရွက်လေးတွေလိုပေါ့ တစ်ရွက်ထဲမှာ နှစ်မွာဖြစ်နေသလိုမျိုး မင်းနဲ့ ကိုယ်နဲ့ စိတ်တွေလဲ နှစ်ကိုယ်တစ်စိတ် ဖြစ်စေချင်တယ်လေ ကိုယ့်ရဲ့ ဆန္ဒလေးတွေ ပိုလွန်းတယ်လို့ မင်းထင်နေမလား ချစ်သူ တကယ်တော့ လိုတောင်လိုနေသေးပါတယ် နှစ်သက်မူ့ များစွာနဲ့ အချစ်ရဲ့ အရသာလေး ကိုးကွယ်အားထားချိန်မှာ စိမ်းကားသွားမှာကို ကြောက်လွန်းလို့ စိတ်ထဲမှာ စိုးတစ်ထိတ်ထိတ်နဲ့ ခံစားနေရတယ် ကုစားရခက်တဲ့ ဒီရောဂါလေးကို ယုံကြည်မူ့လေး တိုးမြင့်ပေးလို့ အကြင်နာစကားလေးတွေနဲ့ ယုယုယယ ကူညီပေးပါနော် ချစ်သူ.......ကျန်တာတွေ ဘာမှမလိုအပ်ပေမယ့် မင်းရဲ့ အကြင်နာအင်အားကိုတော့ အမိအရနဲ့ အထိမိဆုံး ကိုယ် လိုအပ်နေပါတယ် ဖြည့်ဆည်းပေးခြင်းလေး အမြန်လာနိုင်ပါစေ.....။

Sunday, September 7, 2008

ပီကေဆိုတာ ဒီလိုလား???

စင်္ကာပူလူမျိုးတွေ ဘာကြောင့် ပီကယ်မစားသလဲဆိုတာ...............။

စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပြစ်လဲ။

ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပြစ်လိုက်တယ်။

စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ် စားပြီးသွားတော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။

စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။

ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။

စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချတယ်။
ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။ ပြန်ခါနီးကြမှ ဘုရင် က မေးခွန်းတစ်ခု ထမေးပါတယ်။

ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။

စင်္ကာပူဝန်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။

ထိုင်းဘုရင် ။ ။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို ပို့ပြီး စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ။

ကျွန်တော့်မေးထဲကို သူငယ်ချင်းတစ်ယောက်က ပို့ပေးလိုက်တာပါ ဖတ်ရင်း ပြုံးမိလို့ သူငယ်ချင်းတွေကို
မျှဝေပေးလိုက်တာပါ ပျော်ရွှင်နိုင်ကြပါစေ။

Thursday, September 4, 2008

အလွမ်းများ ဒဏ်သင့်ခြင်း

မင်းလေးရဲ့ ကိုယ်စား ကိုယ်ပွားလေးအဖြစ် သိမ်းဆည်းထားခဲ့တဲ့ မင်းရဲ့ ရုပ်ပုံလွှာ ဓာတ်ပုံလေးကို မြင်လိုက်တိုင်း ရင်ထဲက အလိုလို ဆွဲငင်အားတွေ အသက်ဝင်လာခဲ့တယ် ဖမ်းစားနိုင်လွန်းတဲ့ မင်းပုံရိပ်တွေကို စူးစိုက်စွာ ငေးမောကြည့်ရင်း ညင်သာစွာ လွမ်းမောရတဲ့ ရင်ခုန်ခြင်းလေး တစ်ခုပဲပေါ့...................။
အိပ်ရာဝင်တိုင်း စိတ်ကူးပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ရင်း ဓာတ်ပုံရှင် မင်းသမီးလေးကို အနမ်းဒဏ္ဍရီခရီးနဲ့ ဆက်လက် အသက်ရှင်ရင်း နှလုံးသားမှာ မှတ်တမ်းတင်မိတယ် ညများစွာထဲက မအိပ်စက်နိုင်တဲ့ တမ်းတခြင်းနဲ့ အတူ လက်တွေ့ဘ၀ ခံစားမူ့ လေးတွေဟာ ကဗျာဆန်ဆန် သိမ်မွေ့လွန်းနေခဲ့တယ် ပုံပြင်တွေမဟုတ်တဲ့ အလွမ်းည များစွာဟာ အထီးကျန်စွာ ကုန်ဆုံးရင်း ငါ့မြတ်နိုးရတဲ့ မင်းကို မျှော်လင့်ခြင်းဇောတွေနဲ့ လွင့်မျှောခဲ့ရင်း နိုးတ၀က် အိပ်ပျက်ခဲ့ရတဲ့ ငါ့ရဲ့ အဖြစ်အပျက်ကို ဓာတ်ပုံလေးသာ နားလည်တတ်ခဲ့မယ်ဆိုရင် လှောင်နေမလားပဲ အချစ်စိတ်ရဲ့ စေ့ဆော်မူ့လေးတွေ လေဟာနယ်ထဲကို လွင့်ပျံရင်း မင်းရှိရာကို ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းယုံက လွဲပြီး လွမ်းရတဲ့ညတွေ ကုန်ပါစေ...............။
ဖြစ်ချင်တာတွေလဲဖြစ်ခွင့်မရှိ မဖြစ်ချင်တာတွေလဲ ဖြစ်တတ်တဲ့ လောကကြီးထဲမှာ ငါတို့နှစ်ယောက်လဲ သဘာဝတရားကို ညဉ်းညူစွာ ခံစားရင်း ရင်ဆိုင်အားခဲရမယ်လေ မရင့်ကျတ်သေးတဲ့ ပုထုဇဉ်နှစ်ယောက်ရဲ့ ချစ်ခြင်း အလွမ်းပြဇာတ်တွေဟာ ကံစီမံရာ ကံချရာပဲပေါ့ ချစ်သူရယ် နှောင်ကြိုးတွယ်ရာ လှောင်အိမ်စံဘ၀တွေပဲမို့ တူယှဉ်စွာ ရင်ဆိုင်ရင်း ဘ၀အမောတွေကို အချစ်စိတ်တွေနဲ့ ဖြေတတ်အောင် ကြိုးစားရင်း အကြင်နာအင်အားတွေနဲ့ လောကဓံ တရားတွေကို အညံမခံ ကျော်လွှားပြီး အချစ်ဆိုတဲ့ အိမ်လေးတစ်အိမ်ကို မယိုင်လဲ မတိမ်းစောင်းစေပဲ မြဲမြံစွာ ထုဆစ်ဖို့ ကြံခိုင်ရမယ်ချစ်သူ...သိလား................။
ချစ်မိပြန်တော့လဲ လွမ်းမိပြန်တယ် လွမ်းရဖန်များတော့လဲ သတိရခြင်းတွေ ပိုမိုလာခဲ့တယ် မေ့မရတဲ့ စိတ်တွေနဲ့ အတွေးတွေကို ချယ်မှုန်းရင်း နှလုံးသားလေးလဲ တမြေ့မြေ့နဲ့ အဆွေးစိတ်လေး လောင်ကြွမ်းခဲ့ရတယ် တငွေ့ငွေ့နဲ့ တရွေ့ရွေ့ အလွမ်းသင့်တဲ့ ရင်ထဲမှာတော့ အလွမ်းများစွာရယ်ပါ..ဖုန်းလေး အသံမြည်းလာလို့ မင်းရဲ့ အသံလေးတွေကို ကြားလိုက်ရတဲ့ တဒင်္ဂမှာ ရင်ခုန်ခြင်းများစွာနဲ့ ငါ့ရဲ့စိတ်တွေ ကြည်နူးပျော်ရွှင်နေခဲ့တယ် အလွမ်းတွေကို မင်းအသံနဲ့ပဲ ဖြည်ဆည်းပြီး ကျေနပ်နေရတယ် အချစ်များစွာနဲ့ ဖွဲ့သီထားတဲ့ငါဟာ မင်းနဲ့ နီးလျှက်နဲ့ ဝေးနေသလို ဝေးလျှက်နဲ့ နီးနေခဲ့တာပဲနော် အကြင်နာတွေ ရင်ထဲမှာ မပြယ်သရွေ့ နှောင်ကြိုးလေးတွေဟာလဲ ပင့်ကူအိမ်လိုကြိုးများစွာနဲ့ လှပစွာ လွမ်းခြုံနေအုံးမယ်ဆိုတာ ယုံကြည်ပေးပါ အနာဂတ် ခရီးတစ်ခုအတွက် တွဲလက်တွေကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တူယှဉ်စွာ လျှောက်လှမ်းကြစို့်လား မောပန်းလို့ နွမ်းနယ်နေမယ်ဆိုရင် ရင်ခုန်စွာအနမ်းလေးနဲ့ ချွေးသိပ်ကာ နှစ်သိမ့်ရင်း အမောလေးတွေကို ပြေစေရမှာပေါ့နော် ငါ့ရဲ့ယုယခြင်းလေးဟာ မင်းအတွက် အနှောက်အယှက် မဖြစ်ဘူးဆိုရင် လက်ခံမယ်ဆိုရင် နူးညံခြင်းနဲ့ သာယာလှပမူ့တွေ ဖြစ်ခဲ့မယ်ဆိုတာ သံသယ ရှိစရာမလိုတော့ပါဘူး ရင်တုန်လှိုက်မောခြင်းတွေနဲ့ ချိုမြိန်စွာ ပျားရည်စမ်း ချစ်သူဘ၀လေးကို သာယာစွာ လျှောက်လှမ်းရင်း အဓိပ္ပါယ်ရှိတဲ့ အချစ်တွေကို မွေးဖွားရင်း အမုန်းမရှိတဲ့ အရပ်မှာ ခိုလှုံရအောင် ချစ်သူ...............။
တစ်ယောက်နဲ့ တစ်ယောက် နားလည်မူ့တွေ ပေးရင်း ကွက်လပ်များစွာကို သည်းခံခြင်းတွေနဲ့ ဖြည့်စွက်ပေးပြီး အချစ်ရဲ့ နေ့ရက်များစွာကို တည်ဆောက်ကြပါစို့ အကြင်နာလေပြေတွေဟာ ရူရှိုက်လိုက်သူအဖို့ ကြည်လင်စွာ လန်းဆန်းခြင်းတွေ ဖြစ်နေမယ်ဆိုတာကို တထစ်ချ မင်းယုံကြည့်ပေးပါ အကြင်နာ နေခြည် အရောင်လေးတွေနဲ့ ထွန်းလင်းတောက်ပကာ ချစ်ပြမယ် ချစ်သူရယ် ဒါကြောင့် အချစ် ရာသီစက်ဝန်းလေး သစ်လွင်စွာ လှပဖို့ မင်းရဲ့ ရင်ခွင်မှာ နာခိုခွင့်ပြုပါ ဒီလိုပါပဲ ငါ့ရဲ့ အကြင်နာစစ်တွေနဲ့ ထုဆစ်ထားတဲ့ ရင်ခွင်နန်းတော်လေးမှာ ထိပ်ထားဧကရီလေး တစ်ပါးအဖြစ် အသဲပလ္လင်မှာ နန်းတင်ထားသူမို့ ပျော်ရွှင်စွာ စံစားမွေ့လျှော လိုက်ပါကွာ....................။

Tuesday, August 26, 2008

ခြေရာ

ဝေးလွင့်နေတဲ့ နေ့ရက်များစွာနဲ့ ငါဟာ အထီးကျန် သိပ်ကို ဆန်လွန်းခဲ့တယ် အပျော်တွေ ဆိုတာ ရှာဖွေ မရခဲ့အောင် ခြောက်သွေ့ နေခဲ့တယ် စိမ်းလန်းခြင်းလေး ကင်းဝေးနေတဲ့ အခုလို အချိန်မျိုးမှာ လွမ်းတတ်သူ အဖို့ အရာရာဟာ လွမ်းစရာကြီးပါ...........................
အတမ်းတဆုံး ခြေရာလေးတွေ အနေဝေးသွားကြတဲ့အခါ လစ်ဟာခြင်းများစွာနဲ့ ရင်ထဲမှာ ဆူဝေနေတယ် အချစ်ဆိုတာ အပျော်တွေနဲ့သာ မဟုတ်ဘဲ အလွမ်းလေးတွေနဲ့လဲ ဖွဲ့စည်းထားခဲ့တယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိလာခဲ့တယ် စွဲမက်စရာ မင်းလေးရဲ့ အလှဆုံးမျက်နှာလေးကို အတွေးပုံရိပ်ထဲမှာ အခါခါမြင်ယောင် စွဲလမ်းခဲ့၇တယ် မသိစိတ် သိစိတ် တွေမှာပါ ထင်ဟပ် နေရာယူခဲ့တဲ့ လွမ်းမိုးခြင်းတွေဟာ ထိရောက်နက်ရှိုင်း ကျယ်ပြန့်ခဲ့တယ် အချစ်စိတ်တွေဟာ သိမ်မွေ့နူးညံခြင်းများစွာနဲ့ ဆွဲအားတွေပြင်ထန်လွန်းခဲ့တယ် ငါ့စိတ်တွေထဲမှာ ယစ်မူးခြင်းများစွာနဲ့ ခုံမင်ကာ လိုက်ပါရင်း အချစ်ရဲ့ နွံထဲမှာ ထက်သန်စွာ သဒ္ဓါလွန်ခဲ့ရတယ် ရက်ရောခြင်းများစွာနဲ့ အကြင်နာလေးတစ်ခုကို စိုက်ပျိုးမိခဲ့တယ် စိုက်ပျိုးမိခဲ့တဲ့ နှလုံးသား မျိုးစေ့ဟာ ဘယ်တော့များမှ ဝေဆာစွာ ဖူးပွင့်ခဲ့မှာလဲနော် တကယ်လို့များ လှပခန်းနားစွာ ဖူးပွင့်ခဲ့မယ်ဆိုရင် မြတ်နိုးခြင်းများစွာနဲ့ ခူးဆွတ်ပန်ဆင်ပါရစေ ခွင့်ပြုပေးပါချစ်သူရယ်........................
အကြင်နာတွေ ရင်မှာလိုနေဆဲမို့ ဝေဒနာလေးတွေ ငြိမ်းအေးစေချင်ခဲ့ပြီ ဒဏ်ရာတွေနဲ့သာ အခြေအနေဆိုးဝါးခဲ့မယ်ဆိုရင် အရာရာကို ရင်ဆိုင်ဖို့ အားအင်တွေ ချို့တဲ့သွားခဲ့မှာပါ မင်းဟာ ငါ့ရဲ့ ရှေ့ပြေး အင်အားလေး တစ်ခုပါ အလွယ်တကူ အစားထိုးဖို့ မဖြစ်နိုင်သေးတဲ့ ယုံကြည်ရာလေးမို့ လက်လွတ် ဆုံးရှုံးရမှာကို စိုးကြောက်မိတယ် ငါ့ရဲ့ချစ်ခြင်းလေး မပြိုလဲပါရစေနဲ့ မျှော်လင့်ခြင်း အလင်းရောင်လေး မကွယ်ပျောက်ပါရစေနဲ့ ဝေးကွာခြင်းလေး နီးစပ်ပါရစေ ခြေရာလေးတွေ ရင်ထဲမှာ ထင်ကျန်ခဲ့ပြီမို့ မေ့မရတဲ့ ရက်စွဲများနဲ့ မင်းနဲ့ငါ အကြင်နာတွေနဲ့ ဆုံခြင်ပြီ မင်းစီက အကြင်နာများစွာ လက်ခံရရှိမယ်ဆိုရင် စိုပြေနေမဲ့ ငါ့ရင်ထဲမှာ ခြောက်သွေ့ခြင်း ကင်းစင်နေမှာပါ စိမ်းလန်းလှပစွာ ပွင့်မဲ့ နှလုံးသား ပန်းလေးတစ်ပွင့်ကို မသိကျိုးကျွံ ပြုရက်မှာလား ကြေကွဲ လွင့်စင်သွားမဲ့ အဖြစ်ဆိုးလေးနဲ့ အဆုံးသတ်ခြင်းတွေကို တစိမ့်စိမ့်နဲ့ ကြည်ရက်ခဲ့မှာလား မင့်နှလုံးသားလေး ပြတ်သား ခိုင်မာခြင်းတွေ ငါ့အတွက်တော့ စာနာစွာနဲ့ နည်းနည်း လျှော့ပေးခဲ့ ပါနော် ငါ့စိတ်ဓာတ်တွေ ယိမ်ယိုင်သွားနိုင်တာမို့ မင်းရဲ့ စိမ်းကားခြင်းနဲ့ တစ်စိမ်းဆန်မူ့တွေ ငါ့အတွက် သီးသန့် ဖယ်ရှားပေးပါ ဒီအခွင့်အရေးလေး သိမ်ငယ်စွာ တောင်းဆိုပါရစေ....ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် အချစ်နဲ့ ပက်သက်လာရင် ရဲရင့်မူ့တွေ ဆိတ်သုန်နေဆဲ့ပဲ စွဲလမ်းမူ့ အားကြီးမှားလွန်းခဲ့တော့ ဖြေဆည်းစရာ ရှာမတွေ့ခဲ့ဘူး အစွဲအလမ်းကြီးရင် ဒုက္ခတွေ့ရမယ် ဆိုတာသိပေမဲ့ အသိတရားတွေ နောက်ကို သတိတရားက မလိုက်နိုင်လောက်အောင် ဆင်ခြင်တုံးတရားလေး လျှော့နည်းနေခဲ့တယ် မျှော်လွင့်နေတဲ့ စိတ်ကလေးနဲ့ မမောပန်းနိုင်ပဲ အချစ်ဆိုတဲ့ အရာထဲမှာ နစ်မျောစွာ ကူးခက်ခဲ့တယ် မင်းနဲ့ ပက်သက်ပြီး အရာရာဟာ ငါ့အတွက် အရေးအကြီးဆုံး အရာဖြစ်နေပေမယ့် မင်းအတွက်တော့ အရေးပါ အရာမရောက်တဲ့ အသေးအမွား ကိစ္စလေးဖြစ်နေမယ်ဆိုရင် ငါကြေကွဲရုံပဲပေါ့ ကံကြမ္မာကို လည်စင်းခံရင်း ဘာများ ပြောဆိုနိုင်ခွင့် ရှိမှာလဲ လောကကြီးမှာ ဖြစ်ချင်တာတွေမဖြစ် မဖြစ်ချင်တာတွေ ဖြစ်နေကြတာ အများသားပါ မင်းသာ ပျော်မယ်ဆိုရင် အထီးကျန်ခြင်း ဆိုတာကို မနှစ်မြိုပေမဲ့လဲ မင်းစိတ်ကြည်နူးမယ်ဆိုရင် ဒီခံစားချက်ကို ငါကျေနပ်စွာနဲ့ လက်ခံ ခံစားမှာပါ မင်းကိုစွဲလမ်းသာ အနှောက်အယှက်ပေးဖို့မှ မဟုတ်တာ လိုအပ်ချက် များစွာတို့ကို ဖေးမခြင်းနဲ့ ကြင်းနာချင်ခြင်း သက်သက်ပါ ... လွမ်းဆွတ်သတိရခြင်းတွေဟာ ဖိတ်ခေါ်စရာ မလိုပဲ အလိုလိုရင်ထဲကို ရောက်လာခဲ့တယ် မင်းဟာငါ့ရဲ့ အဓိက လွမ်းဆွတ်မူ့ လေးပါ အကြင်နာတွေ ရင်မှာ လိုနေသရွေ့ ဖြည့်ဆည်စရာဟာ မင်းလေး တစ်ယောက်တည်း ဆိုတာကို တိုင်တည်ပြီး ပြောရဲပါတယ် အခုချိန်မှာ ငါ့ရဲ့စိတ်တွေကို အချစ်ဆိုတဲ့ အရာက လက်ဦးအနိုင်ယူ သွားခဲ့ပါပြီ ရုံန်းထွက်ဖို့ မကြိုးစား တော့ပါဘူး ခံစားခြင်းတွေနဲ့ မွေလျော်နိုင်အောင် ကျင့်ကြံ လိုက်တော့မယ် အချစ်ကပေးမယ့် ကံကောင်းခြင်းပဲဖြစ်ဖြစ် ကံဆိုးခြင်းတွေပဲဖြစ်ဖြစ် ချီးမြင့်ခဲ့ရင် လက်ခံယူမှာပါ မင်းသာ ပျော်မယ်ဆိုရင် ငါရင်ထဲမှာ မချိတင်ကဲ ဖြစ်နေလဲ ငါပျော်တတ်အောင် ကြိုးစားနေမှာပါ..............................

အဝေးရောက်တမ်းခြင်း

မိုးစက်ပွင့်တွေ အိမ်အပြင်မှာ သဲသဲမဲမဲ ရွာနိုင်လွန်းခဲ့တယ် ဒီနေ့တစ်နေ့လုံး အိမ်ထဲမှာ အခန်းအောင်းနေရင်း မင်းအကြောင်းလေးတွေကို အလိုလိုနေရင်း တွေးနေမိတယ် ငါမျက်ဝန်းထဲမှာ မင်းနဲ့ တွေ့ဆုံခဲ့တဲ့ နေရားလေးဟာ သတိရစရာ အဖြစ်နဲ့ စွဲကျန်ရစ်ခဲ့တယ် အနေဝေးနေပေမယ့် သွေးအေးမသွားသေးတဲ့ ရင်ခုန်ခြင်းဟာ အရှိန်ကောင်းနေဆဲ နွေးထွေးလည်ပက်နေဆဲပါ ငြိမ့်ညောင်းစွာ စီးဆင်းနေခဲ့တဲ့ အချစ်ဆိုတဲ့ စမ်းချောင်းထဲမှာ မလွန်ဆန်ဝံပဲ အလိုက်သင့် လိုက်ပါခဲ့ရင်း နှောင်တွယ်စရာ ကြိုးလေးတွေ တစတစနဲ့ ရစ်နှောင်ခိုင်မှာခဲ့ပြီး သမုဒယ နွံထဲမှာ ခံစားမူ့တွေ စွန်းထင်သွားခဲ့တယ် ဝေးလေလွမ်းလေနဲ့ ကြွမ်းလုလု ကျနော့ရင်ကို မိုးစက်ပွင့်တွေ ကူညီလို့ ဖြေရှင်းမပေးနိုင်ခဲ့ဘူး အသဲလေးမကြွမ်းခင်မှာ အနမ်းပန်းလေး ခင်းပေးမယ်ဆိုရင် မချိန်မှီသေးတာမို့ မိုးစက်လေးတွေရယ် စာနာခြင်းများစွာနဲ့ ငဲ့ညှာပြီး ချစ်သူရှိရာကို အရောက်သွားပြီး မင်းဆိုတဲ့ မိန်းကလေးသိအောင် သက်သေပြုလိုအောင်သွယ်ပေးခဲ့ပါနော်.......................
ငါ့ရင်ထဲမှာ မင်းဟာ မရှိမဖြစ် လိုအပ်နေတာပါ တမ်းတနေတာလဲ မင်းတစ်ယောက်ထဲကိုပါပဲ ငါ့ရဲ့ မျှော်လင့်ချက်လေးေ၀၀ါးသွားခဲ့ရင် ငါတကယ်ရင်ကျိုးရချည်ရဲ့ အစားထိုးလှဲလှယ်စရာ တစ်ခုမှ မရှိသေးဘူး အဆင်သင့်လဲ ပြင်ဆင်မထားခဲ့ဘူး အချိန်မှီပြင်ဆင်ရအောင်လဲ မင်းက လွဲပြီးဘယ်သူ့ကိုမှ မမြင်ခဲ့ဘူး အမြင်ကျဉ်းတယ် ဆိုချင်ဆို အဲ့ဒီဘက်မှာ အမြင်မကျယ်ချင်တော့ဘူး မင်းတစ်ယောက်ထဲ စိတ်နဲ့ပဲ ရောင့်ရဲ တင်းတိမ်လိုက်တော့မယ် အချောအလှတွေ တစ်ပုံကြီးရှိပေမယ့် အဲ့ဒါတွေကို စိတ်င်စားဖို့ ရင်ခုန်ခြင်းတွေ မဖြစ်ခဲ့ဘူး ငါမှားတယ်လို့ ပြောချင်ပြောနိုင်ပါတယ် အဲ့ဒီအမှားကြီးကိုပဲ ဆက်လက်တွယ်တာပါရစေကွာ ကိုယ်ရွေးချယ်ခဲ့တဲ့ ခံစားချက်ကိုပဲ အစွဲကြီးစွာ လျှောက်ကြည့်ချင်တယ် ဒီလမ်းဟာ ကြမ်းတမ်းရင်ကြမ်းတမ်းပါစေ မောပန်းရင်မောပန်းပါစေ အံကြိတ်ပြီး ရှောက်တော့မယ် ကံကောင်းခြင်းတွေ ဖြစ်မလာသေးခင် ကံစိုးခြင်းတွေလို့လဲ မညဉ်းညူတော့ဘူး ကံတရားဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့အတွက် ဖြစ်လာမလားဆိုတဲ့ စိတ်ကူးယဉ်မူ့လေးတွေနဲ့ အသက်ဆက် ရေးရေး မျှော်လင့်မိနေတယ်........................
ပုံသေတစ်ခုလို သတ်မှတ်လို့ မရတဲ့လောကကြီးထဲမှာ မင်းရဲ့အရိပ်လေးက ငါ့ရင်ထဲမှာ ပုံသေတစ်ခုလို ပိုင်ဆိုင်ထားပြီး ဘာဖြစ်လို့များ စိုးမိုးနိုင်လွန်းတာလဲဟင် ? သံယောဇဉ်ကြိုးတွေဟာ တစတစနဲ့ တိုးတိုးပြီးခိုင်မာလာခဲ့ပြီ စိတ်တထင့်ထင့်နဲ့ ရင်မောခြင်းလေးဟာလဲ အမောမပြေနိုင်သေးဘူး စိုးရိမ်မူ့များစွာနဲ့ တုန်လှုပ်ချောက်ချားလျက်ပါပဲ စိတ်မချရတဲ့ အဖြစ်တွေနဲ့ယုံကြည်ခြင်း လေးတိမ်းစောင်း မှောက်လဲသွားမှာကို ပူပန်နေရတယ် တကယ်ပါပဲ ချည့်နဲ့စွာ ရှင်သန်နေတဲ့ နှလုံးသားလေး ဖေးမှခြင်းတွေသာ အားသာခဲ့မယ်ဆိုရင် အတိုင်းထက်အလွန် ပျော်ရွှင်မိမှာပါ ယုံကြည်းလေး အတွက်အားတင်းရင်း အားဖြည့်နေခဲ့တယ် အကြင်နာလက်လေးတွေနဲ့ ကမ်းလင့်မယ့် အချိန်ကို တမ်းတစွာနဲ့ မျော်နေမိပါတယ်......